မန်ချက်စတာစီးတီးအသင်း၏ တိုက်စစ်ကစားသမား Erling Haaland နှင့် ပတ်သက်သည့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်လာခဲ့သည်။ ESPN Soccer ၏ ဖော်ပြချက်အရ လာလီဂါကလပ် Barcelona နှင့် Real Madrid တို့သည် Haaland အနေဖြင့် လာမည့်နွေရာသီတွင် မန်စီးတီးအသင်းမှ ထွက်ခွာသွားနိုင်ခြေရှိသည်ဟု ယုံကြည်နေကြသည်။
အဆိုပါ စပိန်ထိပ်သီးနှစ်သင်းအနေဖြင့် မန်စီးတီးတိုက်စစ်မှူးကို လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် ကမ်းလှမ်းမှုများ ပြုလုပ်လာမည်လားဆိုသည်ကို ဘောလုံးလောကအတွင်း စိတ်ဝင်စားစွာ စောင့်ကြည့်လျက်ရှိသည်။




