ESPN Soccer ၏ ဖော်ပြချက်အရ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် ဘာစီလိုနာအသင်းမှ ကမ္ဘာ့ဖလားချန်ပီယံ ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူရန် ပစ်မှတ်ထား စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မန်ချက်စတာယူနိုက်တက်အသင်းသည်လည်း ၎င်းတို့၏ ခံစစ်ပိုင်းကို အားဖြည့်ရန်အတွက် ကလပ်ဘရုဂ်အသင်း၏ ဘယ်နောက်ခံလူ ဂျာကွင် ဆေးလ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။




