ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်အသင်းသည် ဘရိုက်တန်အသင်း၏ ခြေစွမ်းပြ ကစားဟန်ကြောင့် ၃-၀ ဂိုးဖြင့် ဂိုးပြတ် အရေးနိမ့်ခဲ့ရသည်။ နည်းပြ ဖာဘီယန် ဟာဇလာ (Fabian Hurzeler) ဦးဆောင်သော ဘရိုက်တန်အသင်းသည် ပွဲကို အထူးကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး ချန်ပီယံအသင်းကို ဒူးထောက်စေခဲ့သည်။
ယခုပွဲစဉ်တွင် ဘရိုက်တန်အသင်းသည် ကလပ်၏ ၁၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထူးထုတ်ဝတ်စုံများကို ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ကြသည်။ အာဆင်နယ်ကို အနိုင်ယူခဲ့သည့် အဆိုပါပွဲအပြီးတွင် ထိုအထိမ်းအမှတ် ဝတ်စုံများသည် တန်ဖိုးရှိ စုဆောင်းစရာ ပစ္စည်းများ ဖြစ်လာခဲ့သည်။




