ရီးရဲလ်မက်ဒရิดအသင်း၌ ၂၃ နှစ်တိုင်တိုင် ကစားခဲ့ပြီး ဆုဖလား ၂၇ လုံး ရယူနိုင်ခဲ့သည့် ကစားသမားဟောင်း တစ်ဦးဖြစ်သော ဒါနီကာဗာဟားသည် Getafe အသင်းနှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း BBC Sport Football ၏ ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လတွင် ရီးရဲလ်မက်ဒရิดအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့သော အသင်းခေါင်းဆောင်ဟောင်း ကာဗာဟားသည် ယခုအခါ အလွတ်ပြောင်းရွှေ့ကြေးဖြင့် Getafe အသင်းသို့ ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သည်။




