မန်ချက်စတီးလ်အသင်းအပေါ် စွဲဆိုထားသည့် စွဲချက် ၁၁၅ ချက်နှင့် ပတ်သက်၍ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးတွင် စီရင်ချက်တစ်ခု ထွက်ပေါ်လာပုံရကြောင်း BBC Sport က ဖော်ပြခဲ့သည်။
ယခုစီရင်ချက် ထွက်ပေါ်လာပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ရှေ့ဆက်ဖြစ်လာနိုင်သည့် အခြေအနေ ၄ ခုနှင့် ယင်း၏ သက်ရောက်မှုများအပေါ် စိတ်ဝင်စားမှုများ မြင့်တက်လျက်ရှိသည်။




