အမျိုးသမီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ Playoff ဆီးမီးဖိုင်နယ် ပထမအကျော့အဖြစ် ဂရိအသင်းနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်ကို ခရိကျွန်း (Crete) တွင် ဗြိတိန်စံတော်ချိန် ညနေ ၅ နာရီခွဲ၌ စတင်ကျင်းပမည်ဖြစ်သည်။
ထို့ပြင် အဆိုပါ အဆင့်၏ ဒုတိယအကျော့ ပွဲစဉ်အား အင်္ဂါနေ့တွင် King Power Stadium ၌ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း The Guardian ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။




