ESPN Soccer ၏ ဖော်ပြချက်အရ ကာရီဘတ်စ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ နစ်မြုပ်မသွားမီ ကမ္ဘာ့ဖလားပြိုင်ပွဲဆီသို့ အပြေးအလွှား ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ယင်းနိုင်ငံအနေဖြင့် ဖီဖာအဖွဲ့ဝင်အဖြစ် ဝင်ရောက်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ခြေစမ်းတင်နိုင်ရန် မျှော်မှန်းထားသော်လည်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် ပြည်တွင်း၌ ပွဲစဉ်များကို ဆက်လက်လက်ခံကျင်းပနိုင်ရန် ခက်ခဲလာနိုင်သည်ဟု ဆိုသည်။




