ပရီးမီးယားလိဂ်၏ အတည်ပြုချက်အရ မန်ချက်စတာစီးတီးအသင်းသည် ၉ ရာသီတာကာလအတွင်း ဘဏ္ဍာရေးစည်းမျဉ်းများကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်အားလုံးတွင် အပြစ်ရှိကြောင်း စွပ်စွဲခံထားရပြီး ဝင်ငွေများကို ပေါင်သန်း ၉၀၀ ကျော်အထိ တိုးမြှင့်ဖော်ပြခဲ့ကြောင်း သိရသည်။
လွတ်လပ်သော ကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်အရ အသင်းသည် စီးပွားရေးမိတ်ဖက်များနှင့် လုပ်ုဏ်မမှန်သော စာချုပ်များကို ချုပ်ဆိုကာ ဝင်ငွေများကို တမင်လိမ်လည်ဖောင်းပွစေခဲ့ပြီး ကုန်ကျစရိတ်များကို လျှော့ချပြသခဲ့ကာ ပရီးမီးယားလိဂ်နှင့် UEFA တို့၏ စျေးကွက်စရိတ် သတ်မှတ်ချက်များကို ဖောက်ဖျက်ရာရောက်မည့် စာရင်းဇယားမှားယွင်းမှုများကို လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း မန်ချက်စတာစီးတီးအသင်းအနေဖြင့် လာမည့်သောကြာနေ့ မတိုင်မီ အဆိုပါဆုံးဖြတ်ချက်အပေါ် အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။




