ESPN Soccer ၏ ဖော်ပြချက်အရ ဘဏ္ဍာရေးစည်းမျဉ်းများကို ဖောက်ဖျက်သည်ဟူသော စွဲချက်ပေါင်း ၁၀၀ ကျော်တွင် မန်ချက်စတာစီးတီးအသင်း အပြစ်ရှိကြောင်း ပရီးမီးယားလိဂ်က အင်္ဂါနေ့က ဆုံးဖြတ်ခဲ့ခြင်းသည် သမိုင်းဝင် အရေးပါသည့် အချိန်အခါတစ်ခု ဖြစ်လာခဲ့သည်။
ယခုကဲ့သို့ အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် ရှေ့ဆက်ဘာတွေဖြစ်လာမည်နည်း၊ မည်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ချေရှိသနည်း နှင့် အယူခံဝင်သည့် လုပ်ငန်းစဉ်များ မည်သို့လည်ပတ်မည်ဆိုသည့် အချက်များကို စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။




