မြောက်အိုင်ယာလန်အသင်းအနေဖြင့် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ခွင့်ရရှိရန် နောက်ဆုံးအကြိမ်အဖြစ် အစွမ်းကုန်ကြိုးပွားသွားမည်ဟု နည်းပြ မိုက်ကယ် မက်အာဒယ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ပေါ်တူဂီနိုင်ငံတွင် ယှဉ်ပြိုင်ကစားရမည့် Play-off ပွဲစဉ်၌ အသင်းသည် ရလဒ်အရ ဂိုးလေးဂိုးဖြင့် နောက်ကျခံထားရသည့် အခြေအနေကို ကျော်ဖြတ်ကာ ကမ္ဘာ့ဖလားနေရာအတွက် ဆက်လက်တိုက်ပွဲဝင်သွားရန် ပြင်ဆင်နေခြင်း ဖြစ်သည်။




