ပရီးမီးယားလိဂ်ပြိုင်ပွဲများတွင် ဗီဒီယိုအကူဒိုင် (VAR) ဆုံးဖြတ်ချက်များသည် မကြာခဏ အငြင်းပွားဖွယ်ဖြစ်ပေါ်လေ့ရှိပြီး ဘရိုက်တန်နှင့်ပွဲစဉ်တွင် ရိုက်စ် အနီကတ်မပြခံရဘဲ လွတ်မြောက်ခဲ့ခြင်း ရှိ၊ မရှိအပေါ် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာခဲ့သည်။

ယခုကဲ့သို့ အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်များကို မည်သို့ချမှတ်သည်ဆိုသည်နှင့် ပတ်သက်၍ ဒိုင်လူကြီး အန်ဒီဒေးဗီးစ် (Andy Davies) က သုံးသပ်ရှင်းလင်းပြောကြားထားသည်။