ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့မှုကြောင့် မန်ချက်စတာစီးတီးအသင်းအနေဖြင့် တန်းဆင်းဒဏ်ခတ်ခံရမည့်အခြေအနေများနှင့် ကြုံတွေ့နေရသော်လည်း လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ပါဝင်ခွင့်ရရှိသွားနိုင်ခြေရှိနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါအခြေအနေနှင့် ပတ်သက်၍ အင်္ဂလိပ်ဘောလုံးလောကအတွင်းရှိ အကြီးအကဲများနှင့် ထိပ်တန်းပုဂ္ဂိုလ်များက စိုးရိမ်မှုများရှိနေကြကြောင်း ဘီဘီစီစပို့စ်၏ ဖော်ပြချက်အရ သိရှိရသည်။