ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်အသင်းကို ၃-၀ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် အသင်းအနေဖြင့် နှိမ့်ချစွာ ဆက်လက်ရပ်တည်ကြရန် ဘရိုက်တန်အသင်းနည်းပြ ဖာဘီယန် ဟာဇလာက တိုက်တွန်းပြောကြားလိုက်သည်။
BBC Sport ၏ ဖော်ပြချက်အရ ဟာဇလာက ယခုနိုင်ပွဲတွင် အသင်း၏ ကစားအား အရှိန်အဟုန်၊ စည်းလုံးညီညွတ်မှုနှင့် လူအင်အားကြွယ်ဝမှုတို့ကို ထုတ်ဖော်ချီးကျူးခဲ့ကြောင်း သိရသည်။




