ဘာစီလိုနာအသင်း၏ အယ်လ်ကလာစီကိုပွဲစဉ်ဝတ် ဂျာစီပေါ်တွင် ပါဝင်လာမည့် ထိပ်တန်းဂီတကြယ်ပွင့်များစာရင်း၌ Tyler, The Creator ပါဝင်လာခဲ့ပြီဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း ဘာစီလိုနာသည် ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နှင့် အယ်လ်ကလာစီကိုပွဲ ယှဉ်ပြိုင်သည့်အခါ ထိပ်တန်းဂီတအနုပညာရှင်များ၏ လိုဂိုကို ၎င်းတို့၏ ဂျာစီတွင် ထည့်သွင်းဝတ်ဆင်သည့် အစဉ်အလာတစ်ခု ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။